သူတို့ဘက်မှာ ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ
သားသမီးတွေရဲ့ ဆန္ဒမျိုးစုံကို ဖြည့်ဆည်းနိုင်စွမ်း ရှိတဲ့ သူရဲကောင်းတွေပါဗျာ ...
မူရင်းဓာတ်ပုံ ပိုင်ရှင် Thiha tun ဆိုသူရိုက်ထားတဲ့ဒီပုံလေး fb ပေါ်တက်လာတာတွေ့တော့ တွေ့တွေ့ချင်း လှောင်ပြီးဟားတိုက်ရယ်မိတယ်
ဒီလောက်ရူးရသလားပေါ့ ...
ပြီးမှကြည့်နေရင်းကြည့်နေရင်းနဲ့ မရယ်ရက်တော့ပဲ မျက်ရည်ဝိုင်းလာမိတယ်။အဲ့ကောင်မလေးနေရာ မှာ ကိုယ့်ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ၊အဲ့ကောင်မလေးနေရာမှာ အမျိုးသမီးတော်တော်များများရဲ့ပုံရိပ်ကို ပြန်တွေ့လိုက်ရသလိုခံစားမိလိုက်လို့ ပါပဲ ။
ကိုယ်တို့မိန်းမတွေ ရဲ့ မိုက်ရူးရဲဆန်မှု ၊စွန့်စားမှုတွေ ကိုအဲ့ဓာတ်ပုံထဲမှာ ပြန်မြင်နေရသလိုခံစားမိတယ်
ကိုယ်တွေက ကိုယ့်ကိုလှမ်းဆွဲတဲ့လက်တစ်စုံကို
ယုံကြည်မိတဲ့အခါ ၊ စွန့်စားရဖို့မကြောက်တော့တဲ့ကမ္ဘာ့သတ္တိအရှိဆုံးလူသားတွေဖြစ်လာခဲ့တယ်
ဒီလက်တစ်စုံဟာကိုယ့်အတွက် အလုံခြုံဆုံး
စောင့်ရှောက်မှုကိုပေးနိုင်လိမ့်မယ်လို့
မျှော်လင့်တကြီး ရူးမိုက်ခဲ့ကြတယ်
ဒီလက်တစ်စုံဟာ ကိုယ့်အတွက် မေတ္တာတရား
အပြည့်နဲ့ ဖေးမလိမ့်မယ်လို့ အားကိုးတကြီး
ယုံကြည်ခဲ့ကြတယ်
ဒီလက်တစ်စုံသာ ရှိရင်အရာရာရင်ဆိုင်ရဲပြီဆိုတဲ့ သတ္တိတွေနဲ့ လောကကြီးကို စိန်ခေါ်ခဲ့ကြတယ်
ကိုယ်ဆွဲမိတဲ့ လက်တစ်စုံဟာကိုယ့်ကို ဖေးမစာနာပြီး တွဲခေါ်စောင့်ရှောက်တဲ့လက်မျိုး ပိုင်ဆိုင်နိုင်ခဲ့ရင် ဘယ်လောက်ပဲပင်ပန်းပါစေ ပျော်မဆုံး၊မော်မဆုံး ၊ကြည်နူးမဆုံးနဲ့ နှစ်ကိုယ်တူဘဝခရီးလမ်းကိုရင်ဆိုင် လျောက်လှမ်းနိုင်စွမ်းတွေရှိခဲ့ကြတယ်
ဒါပေမယ့် ကိုယ်တွေ လှမ်းဆွဲခဲ့တဲ့လက်တစ်စုံက ကိုယ့်လက်တွေကိုမြဲမြဲမတွဲ ထားနိုင်တဲ့အခါ
ကိုယ် လှမ်းဆုပ်ခဲ့တဲ့လက်တစ်စုံမှာကိုယ့်အတွက် စာနာဖေးမမှုတွေ၊ မေတ္တာတရားနဲ့စောင့်ရှောက်မှုတွေ၊ တာဝန်သိတတ်မှုနဲ့ ငဲ့ညှာ သနားမှုတွေ ပျောက်ဆုံးလာတဲ့အခါ
ကိုယ်တို့မိန်းမတွေဟာ ပုံထဲကမိန်းခလေးလို ခြေကားယား လက်ကားယားနဲ့ လောကအလယ်ကို့ယို့ကားယားဖြစ်ကြရတော့မှ အိပ်မက်ဆိုးကနိုးလာသလို
ကိုယ်တွေ ယုံကြည်မိခဲ့တဲ့လက်တစ်စုံကို ကယောင်ကတမ်းလိုက်ဖမ်းရင်း အလဲလဲအပြိုပြို ဖြစ်ကြရတဲ့
သူတွေရှိသလို
ဆွဲထူမယ့်လက်တစ်စုံမရှိတော့တဲ့အခါ ငါသန်မာမှ
ဖြစ်မယ်၊ငါ ရပ်တည်မှဖြစ်မယ်၊ ငါကြံ့ကြံ့ခံအကောင်းဆုံးရင်ဆိုင်မယ်၊ငါ တစ်ယောက်ထဲလဲ ရဲရင့်တတ်ရမယ်
ဆိုတဲ့စိတ်နဲ့ ကိုယ့်ဘာသာ မာန်တင်းရင်း ပြုတ်ကျတဲ့ဘဝကိုကိုယ့်ဘာသာပြန်ဆယ်ရင်း ကမ်းရောက်
အောင်လက်ပြစ်ကူးနေကြသူတွေလဲ ရှိလိမ့်မယ်
ကိုယ်တွေ အားကိုးတကြီး ဆုပ်ကိုင်မိခဲ့တဲ့လက်တစ်စုံလွတ်ထွက်သွားတဲ့အခါ ..ဝရုန်းသုန်းကားပြိုလဲရင်း
နစ်မွန်းနေမလား
လဲကျတဲ့အခါအားမာန်အပြည့်နဲ့ မတ်မတ်ပြန်ထပြီး ကိုယ့်ဘဝကိုယ် အကောင်းဆုံးရင်ဆိုင်ရပ်တည်မလား ဆိုတာတော့ ကိုယ့်ရွေးခြယ်မှု ပါပဲ လေ ..
( ပုံလေးကြည့်မိပြီး မဆုံးနိုင်အောင်တွေးမိတဲ့ အတွေးမို့ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်၊ )
( မူရင်းဓာတ်ပုံနဲ့သက်ဆိုင်သူများအားလုံးကို လဲ လေးစားစွာcredit ပေးပါတယ်နော်)
Porn Virus !!!
Porn site တွေ၊ Porn entertainment တွေ များလာနဲ့အမျှ လူငယ်တွေဟာ Porn addicted တွေ ဖြစ်လာကြပါတယ် !
အဲ့ထဲမှာ ကျွန်တော်လည်း အပါအဝင်ပါပဲ !
Porn addicted ဆိုတာ အဲ့ကားတွေ ကြည့်ရတာ၊ အဲဒါတွေ ကြည့်ပြီး အာသာဖြေရတာတွေ သဘောကျတဲ့ စွဲလန်းမှုတစ်ခုပါ !
တစ်ချို့တွေဆို Reality sex feeling ထက် Porn ကြည့်ပြီး masturbate လုပ်ရတဲ့ feeling ကို ပိုကြိုက်ကြတဲ့ သူတွေတောင် ရှိပါတယ် !
But ဒါက အဲ့လောက်မဆိုးပါဘူး !
အဲ့ထက်ဆိုးတဲ့အရာကတော့ "Porn Virus" ပါပဲ !
ကျွန်တော်အခု ပြောပြချင်တာ အဲ့အကြောင်းပါ !
Porn Virus ကိုက်တယ်လို့ ခေါ်လို့ရပါတယ် !
အဲဒါက ဘယ်လိုလဲဆိုတော့ အရာရာကို Porn ကားထဲကအတိုင်း ထင်မြင်ယူဆကုန်တာပါပဲ !
ပတ်ဝန်းကျင်၊ လူမှုဆက်ဆံရေးမှာကအစ Porn ကျင့် Porn ကြံ ကြံကုန်တာပေါ့ဗျာ ~
သာမန်မိန်းကလေးတစ်ယောက်က ကိုယ့်ကို ရိုးရိုးသားသား စကားလာပြော၊ အကူအညီလာတောင်းရင်တောင် သူ့စိတ်ထဲမှာ "ဒါသက်သက်ခံချင်လို့ ဥာဏ်ဆင်တာ" လို့ ထင်ကုန်တော့တာပဲ !
ပြောရရင် Porn ကားထဲက movie script တွေပဲ သူတို့ ခေါင်းထဲ ကြီးစိုးသွားတာပါ !
But Porn Virus ကိုက်တဲ့ သူတွေထဲမှာတောင်မှ တစ်ချို့က စိတ်အဆင့်နဲ့ပဲ တွေးပြီး ပြန်အဆုံးသတ်တတ်သွားကြပါတယ် !
အဲ့ထက် အဆင့်တိုးလာရင်တော့ စိတ်က တွေးမိပြီး ပါးစပ်ကနေ နည်းနည်းထိကပါး ရိကပါး ပြောကြည့်ပြီး အဆင်မပြေရင် အဆုံးသတ်သွားကြပါတယ် !
အဆိုးဆုံးကတော့ စိတ်နဲ့လည်းမှန်း၊ ပါးစပ်ကနေလည်း ထုတ်ပြောပြီး ဟိုက လက်မခံတာတောင်မှ မရရအောင် လုပ်ပစ်တဲ့ကောင်တွေပါပဲ !
အဲ့မှာ နောက်ဆက်တွဲအနေနဲ့ ပါလာကတော့ Rape case တွေပါပဲ !
အဲ့တော့ ကျွန်တော်ပြောချင်တာက Porn ကားကြည့်တာ ရှက်စရာမဟုတ်ပါဘူး ! Porn addicted ဖြစ်တာလည်း ရှက်စရာ မဟုတ်ပါဘူး !
But Reality နဲ့ Porn World ကို မခွဲခြားနိုင်ရင်တော့ ခင်ဗျားဟာ တစ်ချိန်မှာ လူတွေကို ဒုက္ခပေးလာနိုင်ပါတယ် !
အဲ့မှာ ဆင်ခြင်တုံတရား ရှိခြင်း၊ မရှိခြင်းဆိုတာ ကွာသွားတာပါပဲ !
ခင်ဗျားတို့ကို လတ်တလော Trend ဖြစ်တဲ့ အရာနဲ့ ဥပမာပေးရမယ်ဆိုရင် Porn ကားကြည့်တာဟာ ငှက်ပျောသီး စားရသလိုပါပဲ !
ငှက်ပျောသီး စားတဲ့အချိန်မှာ ခင်ဗျားတို့ ဒီတိုင်းကြီး စားလို့မရပါဘူး ! အခွံခွာစားရပါသေးတယ် !
ဒါ့အပြင် အဲ့အခွံကိုလည်း သိမ်းထားလို့ မရပါဘူး ~ လွှင့်ပစ်ရပါသေးတယ် !
အဲ့လိုပဲ ~ ကျွန်တော်တို့ Porn ကြည့်တဲ့အခါမှာလည်း လိင်ဆက်ဆံပုံ၊ လိင်ဆက်ဆံနည်းတွေ ပညာယူလို့ရသလို၊ Model တွေရဲ့ အလှတရားတွေနဲ့ ဆွဲဆောင်မှုတွေကို ရှူစားလို့ရပါတယ် !
But ကျွန်တော်တို့အနေနဲ့ Movie script တွေ၊ တစ်ချို့သော Violent scene တွေကိုတော့ ခေါင်းထဲ စွဲထားလို့မရပါဘူး !
အဲဒါတွေက ငှက်ပျောသီးအခွံလိုပဲ လွှင့်ပစ်ရမယ့်အရာတွေပါ !
အဲ့တော့ ကျွန်တော်တို့ ခင်ဗျားတို့အနေနဲ့ ပယ်သင့်တာ ပယ်ပြီး သယ်သင့်တာကိုတော့ သယ်တတ်ရပါလိမ့်မယ် ~ အဲ့လိုဖြစ်ဖို့လည်း Ethic ဆိုတဲ့ အရာကို အနည်းနဲ့အများ နားလည်ရပါလိမ့်မယ် !
ဒီငှက်ပျောသီးစားတဲ့ ဥပမာက ဒါတစ်ခုတည်းရယ်မှမဟုတ်ပါဘူး ~ ဘဝမှာ ကြုံလာတဲ့ အရာတွေတိုင်း အဲ့လိုပဲ ကျင့်ကြံရမှာပဲ !
P.s. ကျွန်တော်အခုလို ရှင်းပြနေတာဟာ Rapist ကို ကိုယ်ချင်းစာသနားလို့ ရှင်းပြနေတာ မဟုတ်ဘူးနော်
Rapist ဆိုရင် ဒဲ့ရွံပါတယ် !
နောင်လာနောင်သားတွေ မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုတင်နားလည် ရှောင်ရှားဖို့အတွက်ပါ !
Say "No" to Rape & Fuck the Rapist !!!
crd...Michvel
ကိုယ်ချင်းစာနာတက်စေဖို့
ပိုလာဝက်ဝံမ အသတ်ခံရရင်
ပိုလာဝက်ဝံထီးဟာ အနားကမခွာဘဲ
နေ့နေ့ညည မစားမသောက်
ရက်အတော်ကြာ စောင့်နေတတ်သတဲ့။
ဝေလငါးမ ဒဏ်ရာရရင်
ဝေလငါးထီးဟာ အနားကမခွာဘဲ
စောင့်နေတတ်တယ်။
ဝေလငါးဖမ်းသူတွေ ထိုးနှက်
တိုက်ခိုက်ရင်လည်း ဝေလငါးထီးဟာ
ဝေလငါးမနား အသက်မသေမချင်း
တဖဝါးမခွာ ရှိနေတတ်သတဲ့။
ချန်ပန်ဇီမျောက်မဟာ
မျောက်ငယ်လေး သေသွားရင်
ချက်ချင်းမစွန့်ပစ်တတ်ဘူး။
မျောက်ကလေး အသက်ပြန်ရှင်
လာနိုင်တယ်လို့ ထင်လို့ပါတဲ့။
မျောက်မဟာ မျောက်ကလေးသေပြီး
အရိုးတွေပေါ်လာတဲ့အထိ
မျှော်လင့်နေတတ်ပါသတဲ့။
အမဲလိုက်မုဆိုးတွေက
သေနတ်ပြောင်းနဲ့ ကတိုးကောင်အုပ်စုကို
ထိုးချိန်ထားရင် ကတိုးကောင်အထီးတွေဟာ ရှေ့ကို ထိုးတက်လာတတ်တယ်။
ကတိုးကောင်အထီးတွေရဲ့နောက်မှာတော့ ကတိုးကောင်အမတွေ ကပ်လိုက်လာတတ်ပါတယ်။
သေနတ်ဒဏ်ကြောင့် ရှေ့မှာကာထားတဲ့ ကတိုးကောင်တွေ တစ်ကောင်ပြီး
တစ်ကောင်လဲကုန်ပေမယ့် တစ်ကောင်မှ ကြောက်ရွံ့တွန့်ဆုတ်သွားတာမျိုး မရှိဘူး။ တကယ်လို့ မုဆိုးတွေဟာ
ကတိုးကောင်ပေါက်လေးတစ်ကောင်ရချင်ရင် အရွယ်ရောက်ကတိုးကောင်အားလုံးကို အရင်သတ်ပစ်မှ ရနိုင်မှာပါ။
တောင်ဆိတ်အိုဟာ တောင်ဆိတ်ငယ်လေးလွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ချောက်ထဲခုန်ချပြီး တောင်ဆိတ်ငယ် တစ်ဖက်ချောက်ကမ်းပါးပေါ်ရောက်အောင်
သူ့ခန္ဓာကိုယ်နဲ့ တစ်ဆင့်ခံပြီး ခုန်စေပါသတဲ့။
မုဆိုးအလိုက်ခံရတဲ့မျောက်မဟာ
မုဆိုးလက်က ပြေးလို့မလွတ်မှန်းသိတဲ့အခါ မုဆိုးကိုတအောင့်နေမှပစ်ဖို့
လက်ဝေ့ယမ်းပြတတ်တယ်။
သူမသေခင် သူ့ရင်ခွင်ထက်က
မျောက်ကလေးကို နို့တိုက်ခဲ့ချင်လို့ပါတဲ့။
တိရစ္ဆာန်တွေက လူသားဆန်တယ်လို့
တချို့ကပြောကြတယ်။
သူတို့ရဲ့ သံယောဇဉ်၊ သူတို့ရဲ့ချစ်ခြင်းက ကောင်းကင်ထက်တောင်
မြင့်မားတယ်လို့ ဆိုကြတယ်။
လူက လူကိုဆဲတဲ့အခါ
မင်းတိရစ္ဆာန်ထက်တောင်
အသိတရားခေါင်းပါးလှချည်လားလို့
ဆဲဆိုတတ်တယ်။
တကယ်တမ်းမှာလည်း
လူတချို့ဟာ ဒီတိရစ္ဆာန်လောက်တောင် အသိတရား မရှိခဲ့ကြပါဘူး။
Credit_