Wednesday, April 20, 2022

Bonsai

 

Bonsai Knowledge !

ဘွန်ဇိုင်းပင်အကြောင်း တစ်စေ့တစ်စောင်း

ယနေ့ခေတ်တွင် သစ်ပင်၊ ပန်းပင်ဝါသနာရှင်များ၏ အာရုံစိုက်လာကြသော ဘွန်ဇိုင်းပင် (သို့) သက်ကြီးပုပင် (သို့) သစ်ကျူံ့ပင်များသည် စိုက်ပျိုးရန်ကျယ်ဝန်းသော မြေနေရာမလိုအပ်ဘဲ ပန်းအိုးလေးများဖြင့်ပင် လွယ်ကူစွာစိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်သည်။ ဘွန်ဇိုင်းစိုက်ပျိုးခြင်းသည် စိတ်ကိုကြည်လင်လန်းဆန်းစေနိုင်ပြီး ဂုဏ်ယူစွာဖြင့် ပီတိဖြာကြည်နူးနိုင်သော ပညာရပ်တစ်ခုပင်ဖြစ်သည်။ ဘွန်ဇိုင်းဆိုသည်မှာ ဂျပန်ဝေါဟာရတစ်ခုဖြစ်ပြီး ဇောက်တိမ်နေသောအိုးတွင် ရှင်သန်နေသောအပင်ကလေးဟု အဓိပ္ပါယ်ရသည်။ ဘွန်ဇိုင်းသည် ဂရုတစိုက်ပြုစုစောင့်ရှောက်ရသော အတတ်ပညာတစ်ခုလည်းဖြစ်သည်။

    ဘွန်ဇိုင်းအပင်သည် မည်သည့်အပင်ကိုမဆို ပြုလုပ်၍ရသည်။ သစ်မာပင် သို့မဟုတ် ဘေးကိုင်းများမပါသော အလယ်ပင်စည်သာပါသည့်အပင်ကို ဘွန်ဇိုင်းအဖြစ် အိုးထဲတွင် အောင်မြင်စွာစိုက်ပျိုးနိုင်သည်။ သို့သော် အိုးသည် အမြစ်နှင့် အစာသိုလှောင်ရာတွင် လုံလောက်သော စွမ်းရည်ရှိရမည်။ ဘွန်ဇိုင်းပင်ကို အဖူးကူးခြင်း၊ ကိုင်းချိုင်ခြင်း၊ ကိုင်းများကို ဝါယာကြိုးနှင့်ပူးချည်ခြင်း၊ ဂရုတစိုက်ထိန်းသိမ်းခြင်းများ ပြုလုပ်ရသည်သာမက မြေဩဇာကို ပြန်လည်ရှင်သန်ကြီးထွားရန် ဂရုတစိုက်အသုံးပြုသင့်သည်။ ဘွန်ဇိုင်းပင်သည် မျိုးရိုးဗီဇအားဖြင့် ပုနေသောအပင်မဟုတ်ချေ။ စိုက်ပျိုးထားသော အပင်သည် မူရင်းအပင်၏ပုံစံနှင့် တူပါသည်။ သို့သော် သဘာဝနည်းအရ မြေပေါ်တွင်စိုက်ပျိုးထားသော အပင်၏အရွယ်အစားနှင့်တော့ မတူပါ။ ဘွန်ဇိုင်းပင်၏အရွက်များသည် သေးငယ်သည့်အတွက် မိမိလိုချင်သောဒီဇိုင်းကို လွယ်ကူစွာပြုလုပ်နိုင်ပါသည်။ ဘွန်ဇိုင်းပင်သည် အပြင်ပုံစံနှင့် အကုန်ဆင်တူပြီး အပင်ကြီးတွင်ပါဝင်သော အစိတ်အပိုင်းများ အကုန်ပါဝင်သည်။ အိုးထဲတွင် သေးငယ်သောအပင်အဖြစ် စိုက်ပျိုးထားသည့်အတွက် လွယ်ကူစွာရွှေ့ပြောင်းနိုင်ကာ မိမိအနီးအနားတွင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သည်။

ဘွန်ဇိုင်းပင်ပြုလုပ်စိုက်ပျိုးနည်း

    မိမိစိုက်ပျိုးသော အပင်အမျိုးအစားပေါ်မူတည်ပြီး Bonsai pot ဟုခေါ်သည့် အပင်ထည့်စိုက်ရန်အတွက် ဇောက်တိမ်ပြီး အောက်ခြေ၌ အပေါက်ငယ်လေးများဖောက်ထားသော အင်တုံ အိုးငယ်လေးထဲသို့ ပထမဦးစွာ မြစ်ကျောက်ခဲလေးများကိုအောက်ခြေ၌ အနည်းငယ်ခင်းထားပေးရမည်။ ထို့နောက် မိမိစိုက်ပျိုးမည့်အပင်ကို အမြစ်ပါအောင်နှုတ်ယူပြီး အပင်၏ အကိုင်းအတက်များကို သေချာသန့်စင်အောင် ဖြတ်တောက်ကာ မြေဆွေးများကုန်စင်အောင်ခါချပြီး အပင်၏ အလယ်တည့်တည့်၌ရှိသော ရေသောက်မြစ်ဟုခေါ်သည့် အမြစ်မကြီးကို အပင်၏ အောက်ခြေအရင်းမှနေ၍ ကတ်ကြေးဖြင့် ဖြတ်တောက်လိုက်ရမည်။ အခြားကျန်ရှိနေသော အမြစ်ငယ်များ အားမဖြတ်တောက်ရပါ။ ထို့နောက်တွင် ရေသောက်မြစ်ဖြတ်ထားသောအပင်အား အိုး၏အလယ်တည့်တည့်၌ တည့်မတ်ပြီးကျန်ရှိနေသော အမြစ်ငယ်လေးများကို ကျောက်တုံးကျောက်ခဲများပေါ်၌ သေသေချာချာဖြန့်ဖြူး၍ အမြစ်များပေါ်သို့ မြေဆွေးများ ထပ်မံ၍ဖုံးအုပ်ပေးပြီး ရေကို စိုစွတ်ရုံမျှသာ လောင်းပေးရမည်။ ထို့နောက် မြေဆွေးများအပေါ်မှ ရေတွင်းရေကန်များမှ ပေါက်ရောက်သော ရေညှိစိမ်းများကိုခွာယူပြီး ၎င်းအပေါ်မှ ခပ်ပါးပါးအုပ်ထားရမည်။ ဤသို့ အဆင့်ဆင့်ပြုလုပ်ပြီးပါက အပင်ကို နေရိပ်ထဲသို့ပြောင်းရွှေ့ကာ အပင်ရှင်သန်အောင် နေ့စဉ်ဂရုစိုက်ပေးရပါမည်။ တစ်ပတ်အတွင်း အပင်ရှင်သန်လာပါက ပင်စည်မှ အပင်အတက်လေးများ စတင်ထွက်ရှိလာပြီး တနေ့တခြား ရှင်သန်ကြီးထွားလာလျှင် ထွက်ရှိလာသော အကိုင်းအတက်သစ်များအား မိမိလိုသလို ကြေးနန်းဝါယာကြိုးဖြင့် ပုံစံသွင်းယူနိုင်သည်။ အပင်တစ်ပင်ကို ရေသောက်မြစ် ဖြတ်တောက်ထားခြင်းကြောင့် ရှေ့ဆက်မကြီးထွားနိုင်တော့ဘဲ မိမိသည် တစ်ပေခန့်ဖြတ်တောက်ထားလျှင် တစ်ပေအမြင့်၌သာ အစဉ်ထာဝရရှင်သန်ပြီးအသီးအပွင့်များ ပွင့်လန်းနေမှာပင်ဖြစ်သည်။

ကျန်းမာသည့် ဘွန်ဇိုင်းအပင်ဖြစ်အောင်ထိန်းသိမ်းနည်း

(၁) လုံလောက်သည့်နေရောင်ခြည်ရရှိစေရန် ထောက်ပံ့ပေးခြင်း

    ဘွန်ဇိုင်းအပင်ကို အိမ်ထဲတွင်ထည့်၍ စိုက်ပျိုးမည်ဆိုလျှင် အပြင်တွင်ထားသကဲ့သို့ နေရောင်ခြည်အလုံအလောက် မရသည့်အတွက် အပင်သေသွားနိုင်ပါသည်။ ထို့ကြောင့် ဘွန်ဇိုင်းပင်ကို အိမ်ထဲတွင် ထည့်စိုက်ပျိုးမည်ဆိုပါက အလင်းကောင်းကောင်းရနိုင်သော ပြတင်းပေါက်အနားတွင်သာ ထားသင့်ပါသည်။

(၂) စိုထိုင်းစမြင့်မားစွာပေးခြင်း

    အိမ်ထဲတွင် ဘွန်ဇိုင်းပင်ကိုထားသည့်အခါ စိုထိုင်းစနည်းလာနိုင်ပါသည်။ အခန်းအပူချိန်နှင့် လေအေးများသည် စိုထိုင်းစကို လျော့ကျနိုင်ခြင်းဖြစ်သည်ကို မမေ့လိုက်သင့်ပါ။ ထို့ကြောင့် ဘွန်ဇိုင်းပင် စိုထိုင်းစမြင့်မားစေရန် အိုးကို ရေဖြည့်ပေးခြင်း မကြာခဏပြုလုပ်ရပါမည်။ သို့မဟုတ် စပရေးဘူးထဲရေဖြည့်ကာ သင်သတိရသည့်အချိန်တိုင်း ဖျန်းပေးခြင်းများ ပြုလုပ်ရမည်။ နေ့ဘက်အချိန်တွင် ပြတင်းပေါက်ဖွင့်ထားခြင်းဖြင့် လေဝင်လေထွက်ကောင်းစေပြီး ဘွန်ဇိုင်းအပင်လေးများကို ကျန်းမာခြင်းဖြစ်စေမှာပါ။

(၃) ရေနှင့်မြေဩဇာ သင့်တင်မျှတစွာကျွေးခြင်း

    ရေလောင်းခြင်းနှင့် မြေဩဇာပုံမှန်ကျွေးရန် မလိုအပ်ပါ။ ဘွန်ဇိုင်းအပင် ရေလိုအပ်လာလျှင် အစိုဓာတ်တိုင်ကိရိယာ (moisture meter) အသုံးပြုခြင်း သို့မဟုတ် လက်ဖြင့်ကိုင်ကြည့်လိုက်၍ ခြောက်သွေ့နေလျှင် ရေလောင်းရန်လိုအပ်နေခြင်းဖြစ်သည်။ ဘွန်ဇိုင်းပင်သည် မြေဩဇာကို စစိုက်သည့်အချိန်တစ်ချိန်လောက်သာ လိုအပ်သည်။

(၄) မှန်ကန်သောအပူချိန်လိုအပ်ခြင်း

    အပူပိုင်းဒေသတွင်ပေါက်ရောက်သောအပင်ကို ဘွန်ဇိုင်းအဖြစ် စိုက်ပျိုးထားလျှင် အပူချိန်မြင့်မားစွာရရှိရန် လိုအပ်သည်။ အပူပိုင်းဒေသတွင်ပေါက်ရောက်သော အပင်သည် အေးသောအပူချိန်တွင် ရှင်သန်မကြီးထွားနိုင်ပါ။ ထို့နည်းအတူ အေးသောဒေသအတွင်းရှိ အပင်သည်လည်း ပူသောရာသီဥတုတွင် ရှင်သန်ကြီးထွားနိုင်မှုမရှိနိုင်ပါ။

    ဘွန်ဇိုင်းပင်စိုက်ပျိုးခြင်းသည် သဘာဝအရသာကို ခံစားနိုင်သည့်အတွက် လူအများကြားထဲသို့ သိမ်မွေ့သောအနုပညာတစ်ခုအဖြစ် ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။ ဘွန်ဇိုင်းအသေးငယ်ဆုံးအပင်သည် Acer Momiji ဖြစ်ပြီး ဘွန်ဇိုင်းစိုက်ပျိုးသူတို့၏ နောက်ဆုံးရည်ရွယ်ချက်သည် သဘာဝကို သရုပ်ပြဖော်ပြနိုင်ရန် ဖန်တီးနိုင်သည်အထိ ရည်ရွယ်ထားသည်ဟု သိရသည်။ ဒါ့ကြောင့် ဦးကြီးတို့လည်း အားလပ်ချိန်တွင် စိတ်ကိုလန်းဆန်းစေနိုင်သည့် ဘွန်ဇိုင်းပင်ကလေး ဖန်တီးကြည့်ဖို့တိုက်တွန်းရင်း ဘဝအမောများပြေပျောက်နိုင်ကြပါစေ။

Reference:

www.bonsaiempire.com>origin

www.bonsaitreegardener.net>care 

အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်.....

Friday, October 8, 2021

#စဉ်းစားစရာပါ

 

လယ်သမားအဖိုးကြီးတစ်ယောက် ဘဏ်ကို 
ငွေချေးဖို့ ရောက်လာပါတယ်။ ဘဏ်အရာရှိက 
သူ့ကို မေးလိုက်တယ်။

 "ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင်လို့လဲ"

 "တစ်သိန်းပါ"

ဘဏ်အရာရှိဟာ ငွေချေးတဲ့ ပုံစံကို သူ့ကို 
ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်။
 "အဲဒီငွေက ဘာအတွက် သုံးမှာလဲ"

 "မြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ 
   အမြတ်နဲ့ ပြန်ရောင်းဖို့ပါ"

 "ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရှိလဲ"
 
 "အပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲ"

 "အခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့ 
ပစ္စည်းတစ်ခုခုပေါ့။ ဦးလေးက ချေးထားတဲ့ 
ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို 
ဘဏ်က သိမ်းယူခွင့်ရှိပါတယ်"

 "အော်၊ ဒီလိုလား။ ငါ့မှာ လက်ထွန်စက်
တစ်စီးတော့ ရှိတယ်ကွ။ အဟောင်းပေမယ့် 
ငွေတစ်သိန်းမကတော့ တန်ပါတယ်"

"ဟုတ်ကဲ့။ အဲဒါဆို ရပါတယ်။ ဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါ။ ကျွန်တော်ငွေတစ်သိန်း ထုတ်ပေးလိုက်ပါမယ်။ အချိန်တန်လို့ ငွေပြန်
မဆပ်နိုင်ရင် အပေါင်ပစ္စည်းကို သိမ်းမှာနော်"

၂ လကြာတော့ လယ်သမားကြီးဟာ ဘဏ်ကို 
ပြန်ရောက်လာတယ်။ စောစောက ဘဏ်အရာရှိနဲ့ 
ပြန်တွေ့တယ်။ သူဟာ အိတ်ကြီးထဲက ပိုက်ဆံတွေ
 တစ်ထပ်ကြီးကို ဆွဲထုတ်လိုက်ပြီး အဲဒီထဲက ပိုက်ဆံအချို့ကို ရေတွက်ပြီး ဘဏ်အရာရှိကို ပေးရင်း ခုလို ပြောလိုက်တယ်။

 "အရင်က ချေးထားတဲ့ ငွေတစ်သိန်းနဲ့ 
   အတိုးအတွက်ပါ"

"ဦးလေးဆီမှာ ငွေတွေအများကြီးပါလား။ 
သူများ လုမှာ ဓါးပြတိုက်မှာ စိုးရိမ်ရတယ်လေ။ 
ကျွန်တော်တို့ ဘဏ်မှာ အပ်ထားလိုက်ပါလား"

"အဲဒီလို အပ်ထားတော့ ငါ့အတွက် 
  ဘာအကျိုးရှိမှာမို့လဲ"

 "ဘဏ်က ဦးလေးရဲ့ ပိုက်ဆံတွေကို ထိန်းသိမ်း
ထားပေးမယ်လေ။ သူခိုးဓါးပြရန်လည်း ကင်းတယ်။ 
ဦးလေးက ပုံမှန်အတိုးလည်း ရနေမယ် ဦးလေးလိုချင်
တဲ့ငွေကို အချိန်မရွေး ပြန်ထုတ်ခွင့်လည်း ရှိပါတယ်"

 "မင်းပြောသလိုဆိုရင် မဆိုးဘူးကွ။ ဒါနဲ့ မင်းတို့
   ဘဏ်မှာ ဘာအပေါင်ပစ္စည်းရှိသလဲ။"

Right ... !  👍👍👍👍   😏😏😏😏

ကျွန်တော်တို့ ဘဏ်တွေမှာ ငွေသိန်းပေါင်း
များစွာ အပ်ထားကြတယ်။ ဘယ်သူကများ 
လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို 
မေးဖူးကြသလဲ။ စဉ်းစားစရာပါ။

မေးရမှာ 👍👍

😊😊😊😊😊😊😊😊

Crd ## ဗန်းမော်သိန်းဖေ

#အဲဒါ..ငါ့အဖေ ( လယ်တွင်းသားစောချစ် )

အဲဒါ ငါ့အဖေ ( လယ်တွင်းသား စောချစ် ) ကျွန်တော်ငယ်ငယ်က အဖေ ကျွန်တော့်ကို သိပ်ချစ်တယ်။ အဖေလည်း ကျွန်တော့်ကို သိပ်ချစ်ခဲ့ပါတယ်။ ကျွန်တော်တို့သားအဖ ဆက်ဆံရေးက ပျော်စရာ၊ ကြည်နူးစရာပါ။ အခု ကျွန်တော်ကြီးလာပြီးမှ ခပ်မှန်မှန် ခပ်တန်းတန်း ဆက်ဆံရေး ဖြစ်သွားတာပါ။ အထူးသဖြင့် ကျွန်တော်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ ခုလို အဆင်မပြေ ဖြစ်သွားတာပါ။ ကျွန်တော်ငယ်ငယ်က အဖေကားမ၀ယ်နိုင်သေးဘူး။ သံချည်သံကွေး သံပန်း ကိုယ်ပိုင်လုပ်ငန်းတော့ရှိပြီ။ ကျွန်တော် ကျောင်းသွားရင် အဖေ့ပခုံးပေါ် ခွစီးသွားရတယ်။ အဖေက ကျွန်တော့်လွယ်အိတ်ကိုလွယ်ပြီး ကျွန်တော့် ထမင်းဘူးလေးကို ဆွဲထားသေးတယ်။ အဲဒီရက်တွေကို ကျွန်တော်မမေ့နိုင်ဘူး။ သိပ်သဘောကျတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကားနဲ့ကျောင်းသွားတဲ့ လူတွေကို အားမကျမိဘူး။ အဖေ့ဂုတ်ပေါ်ခွစီးပြီး အားလုံးကို အမြင့်ကြီးကနေ ကြည့်ရမြင်ရတာ သဘောကျတယ်။ ကားလေးတွေကိုလည်း အဖေ့ပခုံးပေါ်ကနေ ကျွန်တော်ငုံ့ကြည့်ရတယ်။ အဖေက ဆယ်တန်းမအောင်ခဲ့ဘူး။ ၇ တန်းအထိပဲကျောင်းနေခဲ့ရတယ်။ ဒါတောင် တောရွာကအလယ်တန်း ကျောင်းမှာ ၇ တန်းအောင်ပြီး ဆင်းရဲလို့ ကျောင်းဆက်မနေနိုင်တာနဲ့ ကြုံရာကျပန်း ရရာအလုပ်ကို လုပ်ရတယ်။ နောက်မှ ရန်ကုန်က ဦးလေးတစ်ယောက် အဆက်အသွယ်နဲ့ သံချည်သံကွေးသံပန်းလုပ်ငန်းတစ်ခုမှာ အလုပ်ရတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ လုပ်ငန်းကျွမ်းကျင်ပြီး လခကောင်းကောင်းရလာတယ်။ အရွယ်လေးရတော့ လုပ်ငန်းရှင်က အားကိုးရတဲ့ သံချည်သံကွေး၊ သံပန်း သံတံခါးဆရာ ဖြစ်လာတယ်။ ငွေကလေးစုမိတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းခွဲထောင်တယ်။ အမေနဲ့အိမ်ထောင်ကျတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဖြစ်နေပြီ။ အဖေက ကျွန်တော့်ကို သူ မအောင်ခဲ့တဲ့ ဆယ်တန်းကို အောင်စေချင်တယ်။ သူ မတက်ခဲ့ရတဲ့ တက္ကသိုလ်ကို တက်စေချင်တယ်။ ကျွန်တော်ဆယ်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့အောင်တယ်။ အဖေ၀မ်းသာလွန်းလို့ အိမ်မှာလူတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံတယ်။ ကျွန်တော့်ကိုလည်း ဆုတွေပေးတယ်။ ကျွန်တော်လည်း ပျော်တာပေ့ါ။ အဲဒီအထိ အဖေနဲ့ကျွန်တော် အဆင်ပြေပါတယ်။ တက္ကသိုလ်တက်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းရသင်းရ၊ သူငယ်ချင်းတွေရဲ့ မိဘတွေနဲ့ တွေ့ရဆုံရ ပြောဆို ရတော့ အဖေ့ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို အထင်သေးလာတယ်။ အဖေက အများအားဖြင့် သူ့အလုပ်သမားတွေနဲ့ ပြောရဆိုရတော့ စကားပြောတာ မာတယ်၊ ကြမ်းတယ်၊ သိမ်သိမ်မွေ့မွေ့ သိပ်မရှိဘူး။ ၀တ်တာဆင်တာလည်း အိမ်မှာရော အလုပ်ထဲမှာရော သံဂဟေ၊ သံချည် သံကွေး လုပ်နေရတော့ ခပ်ပေပေ ခပ်နွမ်းနွမ်း ခပ်ကြမ်းကြမ်းအ၀တ်တွေပဲ ၀တ်တယ်။ သားသမီးကို ဆုံးမတာလည်း ထင်ရင်ထင်သလို၊ မထင်ရင်မထင်သလို ပြောတတ်ဆိုတတ်တယ်။ စေတနာရှိတာ သိပေမယ့် ဆုံးမပုံ စနစ်မကျဘူးလို့ ထင်တယ်။ ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူဖြစ်တဲ့ ဇော်မင်းထက် အိမ် လိုက်သွားတဲ့အခါ သူ့အဖေ ဦးအောင်ထက် နေပုံထိုင်ပုံ ပြောပုံဆိုပုံကို သိပ်သဘောကျတယ်။ သူက ဥပဒေဘွဲ့ရ၊ ခရိုင်တရားသူကြီး။ ကျွန်တော့်ကိုလည်း သူ့သားရဲ့ သူငယ်ချင်းအဖြစ်နဲ့ ချစ်ခင်ပါတယ်။ ကျွန်တော့်မိဘ အလုပ်အကိုင်မေးလို့ သံချည်သံကွေး၊ သံပန်း၊ သံတံခါးလုပ်ငန်း လုပ်တာပြောတော့ ကောင်းတာပေ့ါ၊ ကိုယ်ပိုင်အလုပ်ကမှ ကြီးပွားချမ်းသာတာ၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဘယ်သူ့မှ ကြောက်မနေရဘူး။ ကြိုးစားသလောက် တိုးတက်နိုင်တယ်လို့ ပြောတယ်။. ဒါပေမယ့် ငယ်တုန်းတော့ ပညာကို ကြိုးစားသင်ယူဖို့လိုကြောင်း၊ ဘွဲ့တစ်ခုခုရဖို့ လိုအပ်တဲ့အကြောင်း ပြောပါတယ်။ အင်္ဂလိပ်စကားလုံးတွေ သုံးတဲ့အသံထွက်ကလည်း သိပ်ကောင်းတာပဲ။ ငါ့အဖေလည်း ဒီလိုဖြစ်နေရင် ကောင်းမှာလို့ မိမိဆန္ဒဖြစ်မိတယ်။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ မိသားစုအတူစားကြတဲ့ညနေစာ ထမင်းဝိုင်းမှာ ဇော်မင်းထက်အဖေအကြောင်း ချီးကျူးပြောဆိုမိတယ်။ အဖေဘာမှ ပြန်မပြောဘူး။ နောက်တစ်နေ့ ကျောင်းကို အဖေကားနဲ့လိုက်ပို့တော့ လမ်းမှာယာဉ်ထိန်းရဲတွေစောင့်ပြီး စစ်ဆေးနေတာ တွေ့ရတယ်။ အဖေက “ဟ ဆပ်ပလိုင်းချက်တွေနဲ့ တွေ့နေပြီ” လို့ ပြောတယ်။ “အဖေကလည်းဗျာ..ဆပ်ပလိုင်းချက် မဟုတ်ပါဘူး… ဆပ်ပရိုက်ချက် ပါလို့” အင်္ဂလိပ်လို ပီပီသသပြောပြီး ပြင်ပေးလိုက်တယ်။ “မင်းကလည်း ငါသင်ပေးလို့ တက္ကသိုလ်ရောက်တာနဲ့ ကြီးကျယ်မနေစမ်းပါနဲ့၊ လူတိုင်း ဆပ်ပလိုင်းချက်လို့ ပြောနေကြတာပဲ.. ဆပ်ပလိုင်းချက်တော့ ဘာဖြစ်လဲ” ကျွန်တော့်ကို မကျေမနပ် ပြန်ပြောတယ်။ ကျွန်တော်က ဘယ်ခံမလဲ။ “အဖေပြောတာ အသံထွက်မှားနေလို့ ပြင်ပေးတာပဲ.. သူများကြားရင် အဖေ့ကို ရယ်မှာစိုးလို့ စေတနာနဲ့ပြောတာ၊ ကိုယ်မသိရင်မပြောနဲ့ပေ့ါ” လို့ ပြန်ပြောလိုက်တာပေ့ါ။ နောက်တစ်နေ့ကစပြီး အဖေကျွန်တော့်ကို ကျောင်းလိုက်မပို့ဖြစ်တော့ဘူး၊ စကားလည်း သိပ်မပြောတော့ဘူး ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ကျောင်းသွားပါတယ်။ အဲဒီနောက်ကတည်းက အဖေနဲ့ကျွန်တော့်ရဲ့ ဆက်ဆံရေးဟာ ခပ်မှန်မှန်ခပ်တန်းတန်း ဖြစ်သွားပါတယ်။ ပြောစရာ ရှိရင် အမေကတဆင့် ပြောကြဆိုကြပါတယ်။ ညီမလေးက ကိုးတန်း၊ ညီမလေးကိုတော့ အဖေ ကားနဲ့ကျောင်းပို့ကျောင်းကြိုလုပ်ပေးပါတယ်။ နောက်တော့ အဖေ အင်္ဂလိပ်လို စကားလုံးအမှားတွေ ပြောနေတာ အများကြီးကြားနေရတယ်။ ဆစ်ကနယ်မီးတို့၊ အော်ဒီဂျင်တယ်တို့လို ဟာမျိုးတွေပေ့ါ.. ရှက်စရာကောင်းတယ်။ ကျွန်တော်ဘာမှ မပြောတော့ပါဘူး.. ကိုယ့်စေတနာကို သူမှ လက်မခံတာပဲ။ ဒါပေမယ့် သူများရှေ့မှာ ကိုယ့်အဖေက မပီမသ မမှန်ကန်တဲ့ အသံထွက်တွေနဲ့ ပြောနေတော့ ရှက်စရာကောင်းလို့ စိတ်ပျက်တာပေ့ါ။ လူကြီးလူငယ်ရဲ့ အားပြိုင်မှု၊ ခေတ်ပညာမတတ်တဲ့ အဖေနဲ့ ခေတ်ပညာတတ်တဲ့ သားသမီးရဲ့ အားပြိုင်မှုလို့ပဲ နားလည်ထားလိုက် ပါတယ်။ ကျွန်တော့်ကျောင်းစရိတ်၊ သွားစရိတ် လာစရိတ်၊ စားတာ၊ ၀တ်တာ၊ ကုန်ကျတာအားလုံးတော့ အဖေကပဲ ပေးနေရတာပါ။ တစ်အိမ်လုံးမှာ စီးပွားရေးဆိုလို အဖေတစ်ယောက်ပဲ ရှိတာကိုး။ ဆည်တဲ့ ကန်သင်းဖြစ်တဲ့ အမေကတော့ အားလုံးအတွက် စီမံခန့်ခွဲ သုံးစွဲရာမှာ ကျွန်တော့်အတွက်လည်း ပါတာပေ့ါ။ ကျွန်တော့်အတွက် ကုန်ကျတာက အများဆုံး တောင် ဖြစ်ချင်ဖြစ်မယ်။ တစ်နေ့တော့ ဇော်မင်းထက်နဲ့ ကျွန်တော် ဝါးနက်ချောင်းရွာ ဘုရားပွဲကို သွားကြတယ်။ ကျွန်တော်တို့ တစ်တန်းတည်း ကွန်ပျူတာတက်နေတဲ့ အောင်မိုးတို့ရွာပေ့ါ။ အောင်မိုး အတင်းခေါ်လို့ အလည်လိုက်သွားကြတာ။ အောင်မိုးအဖေက လယ်သမား။ လယ်တွေများလို့၊ ကျွဲတွေ၊ နွားတွေလည်း ခြောက်ကောင်လောက်ရှိတယ်။ အိမ်က နှစ်ထပ်အိမ်ပါပဲ။ ဒါပေမယ့် လယ်သမားအိမ်ဆိုတော့ ရှုပ်လို့ပွေလို့။ သူတို့အိမ်နဲ့စာရင်တော့ ကျွန်တော်တို့အိမ်က သပ်သပ်ရပ်ရပ်နဲ့ အဆင့်ရှိ တာပေ့ါ။ ဇော်မင်းထက်တို့အိမ်ကတော့ ဘာမှမဆိုင်ဘူး။ အသပ်ရပ်ဆုံးနဲ့အထက်တန်းအကျဆုံးပဲ။ ဘုရားပွဲထုံးစံအတိုင်း ဧည့်သည်တွေကလည်းများ၊ စားစရာတွေကလည်း စုံလို့။ ကျွန်တော်တို့ကတော့ လူရှင်းရာ အောင်မိုး အခန်းမှာပဲ နေကြတယ်။ အောင်မိုးအခန်းမှာ စာကြည့်စားပွဲနဲ့၊ ခုတင်နဲ့၊ စာအုပ်စင်နဲ့ ကွန်ပျူတာနဲ့ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။ ကျွန်တော်တို့သုံးယောက် စကားပြောနေကြတုန်း အောင်မိုးအဖေ၀င်လာတယ်။ ကုလားထိုင်တစ်လုံးမှာ ၀င်ထိုင်ပြီး ကျွန်တော်တို့စကားပြောတာကို နားထောင်နေတယ်။ ကျွန်တော်တို့ပြောတဲ့အထဲမှာ ကွန်ပျူတာ ဗိုင်းရပ်စ်၀င်တဲ့ အန ္တရာယ်အကြောင်း ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲလ်တွေ ပျက်ကုန်တဲ့အကြောင်း ပြောတော့ အောင်မိုးအဖေက ၀င်မေးလိုက်တယ်။ “အဲဒီ ဗိုင်းရပ်စ် ဆိုတာ ပိုးလား” တဲ့။ အောင်မိုးက “ပိုးတစ်မျိုးပေ့ါ” လို့ ပြောတယ်။ “အဲဒီပိုးကောင်းက ဘယ်လို ရောက်လာပြီး ကျွန်ပျူတာထဲကို ဘယ်အပေါက်က ၀င်တာလဲ..အဲဒီ အပေါက်ကို လုံအောင်ပိတ်ထားလို့ မရဘူးလား..သူ့လယ်မှာ သုံးတဲ့ သြဘာပိုးသတ်ဆေးသုံးရင် မရဘူးလား” .. လို့ မေးတယ်။ ့ ကျွန်တော်နဲ့ ဇော်မင်းထက် ပြုံးရုံမကဘူး၊ အသံထွက်ရယ်မိကြတယ်။ ရယ်မိပြီးမှ သတိရလို့ အောင်မိုးကို ကြည့်လိုက်ကြတယ်။ ကျွန်တော် ဆိုရင် “သွားစမ်းပါ.. အဖေကလည်း မသိရင် မသိသလို နေစမ်းပါ၊ ၀င်မပြောစမ်းပါနဲ့” လို့ ရှက်စိတ်လွန်ပြီး ပြောမိမှာပါ.. တကယ်လည်း ရှက်စရာကိုး…။ ဒါပေမယ့် အံ့သြစရာ…။ အောင်မိုးက မျက်နှာ မပျက်ဘူး။ ရှက်လည်း မရှက်ဘူး။ သူပါ ကျွန်တော်တို့နဲ့ အတူရယ်ပြီး .. “အဲဒါ ငါ့အဖေပဲကွ.၊ လေးတန်းထိပဲ ကျောင်းနေဖူးတယ် ရွှံ့ထဲဗွက်ထဲ ဆင်းဆင်းရဲရဲ ရုန်းကန်လယ်လုပ်ပြီး ငါ့ကို ကွန်ပျူတာ တက္ကသိုလ်ရောက်အောင် ကျောင်းထားပေးတယ်.. အဲဒီ ကွန်ပျူတာကလည်း အဖေ ၀ယ်ပေးထားတာပေ့ါ.. ပြော အဖေ.. ဘာမှ မဖြစ်ဘူး..အဖေထင်တာ ပြောလို့ရတယ်.. ပြော..” တဲ့။ အားတောင် ပေးလိုက်သေးတယ်။ သူ့ အဖေကလည်း သူ့သား အားပေးတာ သဘောကျပြီး ပြုံးလို့ ရယ်လို့၊ မေးချင်တာတွေကို မေးချင်သလို ဆက်မေးနေတာပေ့ါ။ အောင်မိုးက သူ့အဖေ နားလည်အောင် ရှင်းပြတယ်.. ပျော်စရာကြီး။ အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ အသိအမြင်တစ်ခု ဖြစ်သွားတယ်။ အောင်မိုးပြောပုံနဲ့ တွေးပုံမြင်ပုံက ရိုးရိုးလေးပါပဲ။ . ကောင်းလိုက်တာလို့ နားလည်သွားတယ်။ အောင်မိုးရဲ့ စိတ်နေသဘောကိုလည်း လေးစားမိတယ်။ တကယ်လို့သာ ကျွန်တော်တွေးမိသလို.. သွားစမ်းပါဗျာ.. အဖေကလည်း မသိရင် မသိသလိုနေစမ်းပါ.. ။ ၀င်မပြောစမ်းပါနဲ့လို့ ငေါက်လိုက် မာန်လိုက်ရင် အဖေဘယ်လောက်ရှက်ရှာမလဲ။ အခန်းထဲက ထွက်သွားရရင် ဘယ်လောက်စိတ်မကောင်း ဖြစ်လိုက်မလဲ။ သူ သင်ပေးလို့ တတ်တဲ့ ပညာနဲ့ သူ အငေါက်ခံနေရတာလေ။ ကျွန်တော့်အမှားကို ချက်ချင်းနားလည်လိုက်ပါပြီ။ ကျွန်တော့် အဖေပြောတဲ့ အမှားတွေဟာ တကယ်တော့ အောင်မိုး အဖေပြောတာလောက် မဆိုးပါဘူး။ အဖေသင်ပေးလို့ တတ်တဲ့ပညာနဲ့ အဖေ့ကို အထင်သေး စော်ကားနေခဲ့မိတာ ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်။ “တောင်းပန်ပါတယ် အဖေ..” စိတ်ထဲမှာတင် ပြောနေမိတာ။ ဒီကနေ အိမ်ပြန်ရောက်သွားရင် ကျွန်တော့်ဆက်ဆံရေးတွေ ပြောင်းတော့မယ်။ အဖေ့ကို အထင်သေး အမြင်သေး မပြောတော့ပါဘူး။ အဖေ့မေတ္တာကို ပြန်ရအောင် ယူတော့မယ်။ အဖေ အင်္ဂလိပ်အသံထွက်တွေ မှားပြောရင်လည်း.. “ပြော..အဖေ..ဘာမှမဖြစ်ဘူး.. လွတ်လွတ်လပ်လပ်သာ ပြော” အောင်မိုးတို့ သားအဖကို လှမ်းကြည့်ရင်း ကျွန်တော့်စိတ်ထဲမှာ ပြောနေမိတာပါ။ 

ထာဝရ လေးစားလျက်ပါဆရာ..

Crd....လယ်တွင်းသားစောချစ်

Friday, September 24, 2021

မိဘဆိုတာ......


"မိဘ" ဆိုတာ


သူတို့ဘက်မှာ ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ
သားသမီးတွေရဲ့ ဆန္ဒမျိုးစုံကို ဖြည့်ဆည်းနိုင်စွမ်း ရှိတဲ့ သူရဲကောင်းတွေပါဗျာ ...

Monday, September 20, 2021

ကိုဗစ်(သို့)ငဗစ်


ကိုဗစ်ကြောင့်ပါ
=============
အမျိုးသားတစ်ဦးအိမ်ထဲဝင်လာသည်၊ သူ့လက်ထဲတွင်ကြွတ်ကြွတ်အိပ်မဲ တစ်ထုပ်ကိုကိုင်လာသည်၊ အထုတ်ကို ထမင်းစားပွဲပေါ်ကိုတင်လိုက်သည်၊ ကလေးများအတွက် မုန့်ယူလာခြင်းဖြစ်သည်၊
"မင်း ဒီနေ့ စျေးရောင်းရတာ အဆင်ပြေရဲ့လား"
ကိုမြင့်သည်သူ့ဇနီး တင်တင်ကို မေးလိုက်သည်။
ကိုမြင့်မှာ ဇနီး တင်တင်ရယ် သမီး နှစ်ယောက် သားတစ်ယောက် ရှိပါတယ် အငယ်ဆုံး သမီးလေး အခါလယ် သမီး နိုစို့အရွယ်ပဲ ရှိသေတယ်။
မိသားစု ငါးယောက် ရပ်ကွက် လမ်းအဖျား အိမ်နောက်ဖက်က အခန်းကိုငှားနေကြသည်။
တင်တင်က "ရှင်ကော ဆိုက္ကား နင်းရတာ အဆင်ပြေရဲ့"
"မပြေပါဘူးကွာ အုန်နာ ကြေးတောင်မရပါဘူး
ဒီနေ့ တစ်နေကုန်လုံး ၁၀၀၀ ပဲ ရတယ်"
"ရော့ ဒီမှာ "
"မနက်မှ အုန်နာကို အကျိုးအကြောင်းကြည့်ပြောရတာပေါ့"
ကိုမြင့်က ငွေ ၁၀၀၀ကို ဇနီး ကိုပေးရင်း ပြောလိုက်သည်။
"ကျွန်မလည်း နေပြန်တိုးဆပ်ပြီး မနက်ဖြန်အရင်းအတွက်ချန်မှ ၅၀၀ ပဲ ပိုတော့တယ် "ဟု ပြောရင်း သမီးကြီးကို လမ်းထိပ်စျေးဆိုင်တွင် ဆန် ၅ လုံး ဘဲ ၃ လုံး ဝယ်ခိုင်းလိုက်သည်။
ဒီညနေအတွက် သူတို့မိသားစု ဘဲ ဥနှင့်နှစ်ပါးသွားခဲ့သည်။
ည(၉) နာရီအချိန်တွင် ဆူညံဆူညံသံကြားရ၍ တင်တင်က သူ့ယောကျာ်းကိုမေးလိုက်သည်။
ကိုမြင့်က "မနက်က နေမကောင်းလို့ ဆေးရုံသွားတဲ့ အဒေါ်ကြီး ကိုဗစ်ပိုးတွေ့လို့ သူနဲ့ ဆက်ဆပ်တဲ့သူတွေကို လာခေါ်တာ" ဟု ပြောလိုက်သည်။
ထိုစဥ် တင်တင်မှိုင်ပြီး မျက်နှာ မကောင်းသည်ကို ကိုမြင့်သိသည်၊ မှန်ပါသည် ကိုဗစ်လူနာ ရှိတဲ့ ရပ်ကွက် လမ်း အတွက် အရောင်းအဝယ် အလုပ်အကိုင် ပိုပြီး အဆင်မပြေမှန်း ကိုမြင့်ကော တင်တင်ပါ သိပြီး ဖြစ်သည်။
လင်မယာနှစ်ယောက် စကားမပြောနိုင်ပဲ မနက်ဖြန် အတွက် စဥ်းစားရင် မိုးလင်ခဲ့ကြသည်။
တင်တင်သည် မနက်၄နာရီ ထပြီး ဘုရားရှိခိုး သောက်တော်ရေချမ်းကပ်ပြီး
သင်္ဘောသီး များကို အစိပ် အစိပ်လှီးနေရင်း မိုးလင်းတော့ ယောကျ်ားကို ဆိုက္ကားထွက်ဖို့ နိုးသည်။
ကိုမြင့် ဆိုက္ကားထွက်ဖို့အလုပ် တင်တင်က လှမ်းအော်သည်။
"မနက်ထမင်းချမ်း စားသွားဦးလေ"
မစားတော့ပါဘူးကွာ မင်းပဲစားလိုက်
ဟုတ်ပါသည် ထမင်းချမ်းနည်းနေတာကို သိ၍ ဇနီးကို စားစေချင်းဖြစ်သည်။
တင်တင်သည် သမီးကြီးကို နိုးပြီး
" သမီး ညီမလေး နိုးလာရင် နို့ဘူးဖျော်ထားတယ် တိုက်လိုက်နော်"
သမီး မောင်လေးနဲ့ သမီးက ထမင်းချမ်းစားထား နော်
အပြင်မသွားနဲ့ သိလား မောင်လေး ညီမလေးတွေကို သေချာ ဂရုစိုက်နော်
တင်တင်သည် သူသမီးကြီးကို သေချာမှာပြီး စျေးရောင်းထွက်သွားသည်။
တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ အချိန်တော်ကြာ လျှောက်ခဲ့ပေမဲ့ စျေးဦးက မပေါက်သေး မြို့တွင်းတစ်နေရာ အရောက်တွင်
" စျေးသည်လာပါဦး"
နောက်က ခေါ်သံကြောင့် တင်တင်စျေးဦးပေါက်ပြီး မို့ အပျော်ကြီး ပျော်သွားသည်။
" ဟုတ်ကဲ့ လာပါပြီးရှင့်"
အိမ်ရှင်သည် ခြံတံခါးမဖွင့်ပဲ အိမ်ထဲက လှမ်းမေးသည်။
"ဘယ်ရပ်ကွက်ကလဲ?
(...)ရပ်ကွက်ကပါ"
ထိုစဥ် အိမ်နောက်ဖေးက အသံ တစ်ခုထွက်လာသည်။
အမေ.. အဲ့ဒါ ညက ကိုဗစ် ပိုးတွေ့တဲ့ ရပ်ကွက်ကလေ"
ဟုတ်လား! ဒါဆို မယူသေးပါဘူးကွယ်
တင်တင်ရဲ့ အပျော်တွေပျောက်သွားပြီး မျက်နှာငယ်သွားသည်။
"တစ်ရပ်ကွက်ထဲ ဆိုပေမဲ့ အိမ်နားမှာ ဖြစ်တာမဟုတ်ပါဘူး တစ်လမ်းနှစ်လမ်းကျော်ကပါ" လို့ ရင်ထဲမှာ ညီးတွားရင် လှည့်ပြန်ခဲ့ရသည်။
ကိုမြင့်လည်း ဆိုက္ကားပေါ်မှ ဟိုကြည့်ဒီကြည့်နှင့် ၉နာရီ ၁၀ နာရီ ထိုးပြီး တစ်ကြောင်းမှ မဆွဲရသေး မနက်ကတည်းက ဘာမှ စားမလာတော့ ဗိုက်ကစာလာသည်
ရေလေးသောက်လိုက် ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့
ဘေးက " ဦးလေး ဆိုက္ကား အားလား"
အထုတ်အပိုးနှင့် ကလေးမလေး တစ်ယောက်
"အားတယ် သမီး "
"ဘယ်ကို ပို့ပေးရမလဲ" ဟုမေးကာ လိုက်ပို့ပေးလိုက်သည်။
ဒီနေ့ ၁၁ နာရီ ထိုးအထိ ကိုမြင့် ဆိုက္ကာ တစ်ကြောင်းပဲ ဆွဲရသည်။
ဗိုက်ဆာလွန်းသဖြင့်အိမ်ပြန်ခဲ့သည်။
အိမ်ရောက်ရောက်ချင်း ကိုမြင့် အမောမပြေခဲ့ပါ။
တင်တင် အိမ်ပေါက်ဝမှာ ထိုင်ပြီး မှိုင်နေတာကို မြင်လိုက်ချင်းကြောင့်ဖြစ်သည်။
"တင်တင် ဘာဖြစ်နေတာလဲ " ကိုမြင့်မေးလိုက်သည်။
"ဒီနေ့စျေးရောင်းတာ နေ့ပြန်တိုး အတိုးအတွက်တောင် မရဘူး"
"ရှင်ကော ဘယ်လောက်ရလဲ?
"ငါလည်း တစ်မနက်လုံး တစ်ကြောင်းပဲ ဆွဲရတယ်"
"ဘယ်လို လုပ်ကြမလဲ ခုထိ ဘာမှ မချက်ရသေးဘူး"
"ချက်စရာလည်း ဘာမှ မရှိဘူး"
"ကလေးတွေလည်း မနက်တည်းက ထမင်းချမ်းပဲ စားရသေးတယ် "
"ဗိုက်စာနေကြပြီး သူများကလေးတွေ ထမင်းစားပြီးကြပြီး"
"နေ့ပြန်တိုးသမားကလည်း အတိုးမသွင်းလို့မရဘူး "
"အိမ် လခကလည်း ပေးရတော့မယ် "
ငိုသံပါပါ နဲ့ ပြောနေသော ဇနီးကို ကြည့်ပြီး
"ငါညနေ ထွက်ရှာ ကြည့်ပါဦးမယ်ကွာ"
ပြောရင်းသက်ပြင်းချလိုက်သည်။
"မေမေ" သားဗိုက်ဆာတယ်! သားအလတ်က အမေ့ဘေး မှ ထိုင်ကာ ပြောလိုက်သည်။
မှန်ပါသည် ဒီအချိန်က ထမင်းစားချိန်ကျော်ပေမဲ့ သူတို့ မိသားစု ထမင်းမချက်ရသေးပါ။
ကလေးတွေရဲ့ အဖြစ်ကို ကြည့်ပြီး
"ငါတို့နှစ်ယောက်ရှာတာ ကလေးတွေ ကို ဝအောင်မကျွေးနိုင်ပါလားကွာ" ကိုမြင့် ညီးတွားလိုက်သည်။
တင်တင် တွေဝေနေရင်းမှ အငယ်ဆုံးသမီးကို ပွေ့ချီကာ မတ်တပ်ရပ်လိုက်သည်။
ကိုမြင့်က "မင်းဘယ်သွားမလို့လဲ" မေးလိုက်သည်။
" ငါဘုန်းဘုန်းတွေဆီ ဆန်လေး ဘာလေးသွားတောင်းကြည့်မလို့ ရတော့လည်း နည်းနည်းချောင်လည်တာပေါ့"
ပြောပြောဆိုဆိုနှင့် ထွက်သည်။
ကိုမြင့်သည် ဇနီးရဲ့ ကျောပြင်ကို ကြည့်ရင်း...
မိဘ တွေက သားသမီးတွေ အတွက် ဆို ဘာပဲ လုပ်ရ လုပ်ရ မရှက်မကြောက်တော့ဘူးဆိုတာ သားသမီးတိုင်းသိစေချင်တယ်။
Crd. ...
အရှင်ပညာဓဇ

တွဲလက်တစ်စုံ

 မူရင်းဓာတ်ပုံ ပိုင်ရှင် Thiha tun ဆိုသူရိုက်ထားတဲ့ဒီပုံလေး fb ပေါ်တက်လာတာတွေ့တော့ တွေ့တွေ့ချင်း လှောင်ပြီးဟားတိုက်ရယ်မိတယ်
ဒီလောက်ရူးရသလားပေါ့ ...
ပြီးမှကြည့်နေရင်းကြည့်နေရင်းနဲ့ မရယ်ရက်တော့ပဲ မျက်ရည်ဝိုင်းလာမိတယ်။အဲ့ကောင်မလေးနေရာ မှာ ကိုယ့်ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ၊အဲ့ကောင်မလေးနေရာမှာ အမျိုးသမီးတော်တော်များများရဲ့ပုံရိပ်ကို ပြန်တွေ့လိုက်ရသလိုခံစားမိလိုက်လို့ ပါပဲ ။
ကိုယ်တို့မိန်းမတွေ ရဲ့ မိုက်ရူးရဲဆန်မှု ၊စွန့်စားမှုတွေ ကိုအဲ့ဓာတ်ပုံထဲမှာ ပြန်မြင်နေရသလိုခံစားမိတယ်
ကိုယ်တွေက ကိုယ့်ကိုလှမ်းဆွဲတဲ့လက်တစ်စုံကို
ယုံကြည်မိတဲ့အခါ ၊ စွန့်စားရဖို့မကြောက်တော့တဲ့ကမ္ဘာ့သတ္တိအရှိဆုံးလူသားတွေဖြစ်လာခဲ့တယ်
ဒီလက်တစ်စုံဟာကိုယ့်အတွက် အလုံခြုံဆုံး
စောင့်ရှောက်မှုကိုပေးနိုင်လိမ့်မယ်လို့
မျှော်လင့်တကြီး ရူးမိုက်ခဲ့ကြတယ်
ဒီလက်တစ်စုံဟာ ကိုယ့်အတွက် မေတ္တာတရား
အပြည့်နဲ့ ဖေးမလိမ့်မယ်လို့ အားကိုးတကြီး
ယုံကြည်ခဲ့ကြတယ်
ဒီလက်တစ်စုံသာ ရှိရင်အရာရာရင်ဆိုင်ရဲပြီဆိုတဲ့ သတ္တိတွေနဲ့ လောကကြီးကို စိန်ခေါ်ခဲ့ကြတယ်
ကိုယ်ဆွဲမိတဲ့ လက်တစ်စုံဟာကိုယ့်ကို ဖေးမစာနာပြီး တွဲခေါ်စောင့်ရှောက်တဲ့လက်မျိုး ပိုင်ဆိုင်နိုင်ခဲ့ရင် ဘယ်လောက်ပဲပင်ပန်းပါစေ ပျော်မဆုံး၊မော်မဆုံး ၊ကြည်နူးမဆုံးနဲ့ နှစ်ကိုယ်တူဘဝခရီးလမ်းကိုရင်ဆိုင် လျောက်လှမ်းနိုင်စွမ်းတွေရှိခဲ့ကြတယ်
ဒါပေမယ့် ကိုယ်တွေ လှမ်းဆွဲခဲ့တဲ့လက်တစ်စုံက ကိုယ့်လက်တွေကိုမြဲမြဲမတွဲ ထားနိုင်တဲ့အခါ
ကိုယ် လှမ်းဆုပ်ခဲ့တဲ့လက်တစ်စုံမှာကိုယ့်အတွက် စာနာဖေးမမှုတွေ၊ မေတ္တာတရားနဲ့စောင့်ရှောက်မှုတွေ၊ တာဝန်သိတတ်မှုနဲ့ ငဲ့ညှာ သနားမှုတွေ ပျောက်ဆုံးလာတဲ့အခါ
ကိုယ်တို့မိန်းမတွေဟာ ပုံထဲကမိန်းခလေးလို ခြေကားယား လက်ကားယားနဲ့ လောကအလယ်ကို့ယို့ကားယားဖြစ်ကြရတော့မှ အိပ်မက်ဆိုးကနိုးလာသလို
ကိုယ်တွေ ယုံကြည်မိခဲ့တဲ့လက်တစ်စုံကို ကယောင်ကတမ်းလိုက်ဖမ်းရင်း အလဲလဲအပြိုပြို ဖြစ်ကြရတဲ့
သူတွေရှိသလို
ဆွဲထူမယ့်လက်တစ်စုံမရှိတော့တဲ့အခါ ငါသန်မာမှ
ဖြစ်မယ်၊ငါ ရပ်တည်မှဖြစ်မယ်၊ ငါကြံ့ကြံ့ခံအကောင်းဆုံးရင်ဆိုင်မယ်၊ငါ တစ်ယောက်ထဲလဲ ရဲရင့်တတ်ရမယ်
ဆိုတဲ့စိတ်နဲ့ ကိုယ့်ဘာသာ မာန်တင်းရင်း ပြုတ်ကျတဲ့ဘဝကိုကိုယ့်ဘာသာပြန်ဆယ်ရင်း ကမ်းရောက်
အောင်လက်ပြစ်ကူးနေကြသူတွေလဲ ရှိလိမ့်မယ်
ကိုယ်တွေ အားကိုးတကြီး ဆုပ်ကိုင်မိခဲ့တဲ့လက်တစ်စုံလွတ်ထွက်သွားတဲ့အခါ ..ဝရုန်းသုန်းကားပြိုလဲရင်း
နစ်မွန်းနေမလား
လဲကျတဲ့အခါအားမာန်အပြည့်နဲ့ မတ်မတ်ပြန်ထပြီး ကိုယ့်ဘဝကိုယ် အကောင်းဆုံးရင်ဆိုင်ရပ်တည်မလား ဆိုတာတော့ ကိုယ့်ရွေးခြယ်မှု ပါပဲ လေ ..
( ပုံလေးကြည့်မိပြီး မဆုံးနိုင်အောင်တွေးမိတဲ့ အတွေးမို့ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်၊ )


( မူရင်းဓာတ်ပုံနဲ့သက်ဆိုင်သူများအားလုံးကို လဲ လေးစားစွာcredit ပေးပါတယ်နော်)

 

မြန်မာသည် မဟုတ်တာကို အလွန်ကြွားဝါချင်လှ၏


မြန်မာသည် မဟုတ်တာကို အလွန်ကြွားဝါချင်လှ၏။
ရေခဲသေတ္တာကို ဧည့်ခန်းတွင်ထားခဲ့ကြသည်၊ အ၀တ်လျှော်စက်ကို အိမ်ရှေ့တွင်လူမြင်အောင်ပြ၏ (ထားစရာ နေရာ မရှိသဖြင့်ထားရခြင်းကို မဆိုလို)၊ မှန်ဗီရို၊ ရှိုးကေ့စ်ကို ဧည့်ခန်းတွင်ထားကာ ထိုမှန်ဗီရိုထဲတွင် လက်ဘက်ရည်ပန်းကန် (Tea Set)များကို အလှထည့်ထားကြသည်မှာ လူ ၅၀ ခန့်ကို လက်ဖက်ရည်တိုက်၍ ရသည်။ သို့သော် ထို Tea Set များကိုအပြင်ထုတ်၍ အသုံးပြုတာတော့ တစ်ခါမှမမြင်ဖူးချေ။
 
တခါကရွာတရွာတွင် ရေရှားပါးသဖြင့် နိုင်ငံခြားသားအလှူရှင်များကို ထိုရွာသို့ခေါ်သွားဖူးသည်။
နိုင်ငံခြားသားများသည် သူတို့နိုင်ငံတွင်သိပ်ပြီးချမ်းသာကြသူများမဟုတ်။ စေတနာထက်သန်သောကြောင့် ငွေကြေးများ စုပေါင်းကောက်ခံပြီး စက်ရေတွင်းတူးရန်လာလှူကြခြင်းဖြစ်သည်။ တရွာလုံး ၀မ်းသာအားရ အလှူရှင်တွေနှင့် နှုတ်ဆက်ကြ၊ ဓာတ်ပုံရိုက်ကြသည်။
ညကျတော့ ဆိုင်းသံ၊ ဗုံသံတွေကြားရသဖြင့် နိုင်ငံခြားသားများကသွားကြည့်ကြသည်။
ဘာအခမ်းအနားလဲဟုမေးကြည့်ရာ ရွာကစုပေါင်းပြီးဌားထားသောအငြိမ့် ဖြစ်နေသည်။
စုပေါင်းရှင်ပြုပွဲတခုအတွက် အောင်ပွဲကျင်းပကြခြင်းဖြစ်ပါသတဲ့။
အငြိမ့်ငှားခကိုတော့ရွာသားများစုပေါင်းထည့်ကြသည်။ အငြိမ့်ငှားရမ်းခစျေးနှုန်းကို မေးကြည့်ရာ စက်ရေတွင်း တူးခ အပြီးအစီးစျေးနှုန်းလောက်ပင်ဖြစ်နေ၏။ နိုင်ငံခြားသားအလှူရှင်များမှာ အံ့သြလွန်းသဖြင့် ခေါင်းတခါ လည်တခါခါ ဖြစ်ကုန်ကြသည်။ ရေတွင်းတူးဖို့ လှူမည့်အလှူရှင် မပေါ်သော်လည်း တရွာလုံးမှာ တိုက်ခံအိမ်တွေ အများကြီးရှိသည်၊ စကိုင်းနက် ရုပ်သံစလောင်းများကိုလည်း အိမ်တော်တော်များများတွင်တွေ့ခဲ့ရသည်။
နိုင်ငံခြားသား စက်ရေတွင်းအလှူရှင်များမှာ အိုးကမပူ၊ စလောင်းကပူသလို ဖြစ်နေကြသည်။ ငပိသည်က အိပ်နေပြီး ဆားသည်က ယင်မောင်းနေရသလိုဖြစ်နေသည်။ မြန်မာတို့က အပေါ်ယံတွေမှာ တလွဲဆံပင် ကောင်းကြသည်။ မြွေကိုက်၍မကြာခနလူသေသောရွာတွင် မြွေဆိပ်ဖြေဆေး ရေခဲသေတ္တာထဲမှာ အသင့် ထည့်ဆောင် ထားကြဖို့ မည်သူမျှစိတ်မ၀င်စားကြချေ။
ပြောရလျှင် မြန်မာတို့သည်အပေါ်ယံကြော ကိုအတော်အလေးထားသော လူမျိုးဖြစ်သည်။သာသနာ့ဘောင် ၀င်ဖို့ ရှင်ပြုတာပင် ဆယ်ပါးသီလ၊ သင်္ကန်းတောင်း၊ ရှင့်ကျင့်၀တ် စသည်တို့ရဖို့မရဖို့ထက်၊ ၀န်းခင်းဖို့၊ ဆင်နှင့် ရှင်လောင်းလှည့်ဖို့၊ နာမည်ကြီးအငြိမ့် ထည့်ဖို့ ပို၍အားသန်ကြသောလူမျိုးဖြစ်သည်။
အ၀တ်အစား၀တ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်ဖို့၊ ရာသီဥတုနှင့်လိုက်ဖက်ဖို့၊ မိမိသွားသော အခမ်းအနား နှင့်လျော်ညီဖို့ဆိုတာထက် ဝါဖို့ကြွားဖို့ကို အဓိကထားကြသည်။
အလှူလူပ်ရာတွင် လိုအပ်နေသောနေရာကို ထိထိရောက်ရောက်လှူဒါန်းဖို့ထက် မုခ်ဦးကြီးများတွင် ကမ္ဗည်း ထိုးပြီး နာမည်ကြီးဟိန်းနေအောင်မြင်ရသောနေရာတွင်လှူချင်ကြသည်။
အတော်မခက်ပေဖူးလား..........
Credit to တာတီ

Bonsai