မြန်မာသည် မဟုတ်တာကို အလွန်ကြွားဝါချင်လှ၏။
ရေခဲသေတ္တာကို ဧည့်ခန်းတွင်ထားခဲ့ကြသည်၊ အ၀တ်လျှော်စက်ကို အိမ်ရှေ့တွင်လူမြင်အောင်ပြ၏ (ထားစရာ နေရာ မရှိသဖြင့်ထားရခြင်းကို မဆိုလို)၊ မှန်ဗီရို၊ ရှိုးကေ့စ်ကို ဧည့်ခန်းတွင်ထားကာ ထိုမှန်ဗီရိုထဲတွင် လက်ဘက်ရည်ပန်းကန် (Tea Set)များကို အလှထည့်ထားကြသည်မှာ လူ ၅၀ ခန့်ကို လက်ဖက်ရည်တိုက်၍ ရသည်။ သို့သော် ထို Tea Set များကိုအပြင်ထုတ်၍ အသုံးပြုတာတော့ တစ်ခါမှမမြင်ဖူးချေ။
တခါကရွာတရွာတွင် ရေရှားပါးသဖြင့် နိုင်ငံခြားသားအလှူရှင်များကို ထိုရွာသို့ခေါ်သွားဖူးသည်။
နိုင်ငံခြားသားများသည် သူတို့နိုင်ငံတွင်သိပ်ပြီးချမ်းသာကြသူများမဟုတ်။ စေတနာထက်သန်သောကြောင့် ငွေကြေးများ စုပေါင်းကောက်ခံပြီး စက်ရေတွင်းတူးရန်လာလှူကြခြင်းဖြစ်သည်။ တရွာလုံး ၀မ်းသာအားရ အလှူရှင်တွေနှင့် နှုတ်ဆက်ကြ၊ ဓာတ်ပုံရိုက်ကြသည်။
ညကျတော့ ဆိုင်းသံ၊ ဗုံသံတွေကြားရသဖြင့် နိုင်ငံခြားသားများကသွားကြည့်ကြသည်။
ဘာအခမ်းအနားလဲဟုမေးကြည့်ရာ ရွာကစုပေါင်းပြီးဌားထားသောအငြိမ့် ဖြစ်နေသည်။
စုပေါင်းရှင်ပြုပွဲတခုအတွက် အောင်ပွဲကျင်းပကြခြင်းဖြစ်ပါသတဲ့။
အငြိမ့်ငှားခကိုတော့ရွာသားများစုပေါင်းထည့်ကြသည်။ အငြိမ့်ငှားရမ်းခစျေးနှုန်းကို မေးကြည့်ရာ စက်ရေတွင်း တူးခ အပြီးအစီးစျေးနှုန်းလောက်ပင်ဖြစ်နေ၏။ နိုင်ငံခြားသားအလှူရှင်များမှာ အံ့သြလွန်းသဖြင့် ခေါင်းတခါ လည်တခါခါ ဖြစ်ကုန်ကြသည်။ ရေတွင်းတူးဖို့ လှူမည့်အလှူရှင် မပေါ်သော်လည်း တရွာလုံးမှာ တိုက်ခံအိမ်တွေ အများကြီးရှိသည်၊ စကိုင်းနက် ရုပ်သံစလောင်းများကိုလည်း အိမ်တော်တော်များများတွင်တွေ့ခဲ့ရသည်။
နိုင်ငံခြားသား စက်ရေတွင်းအလှူရှင်များမှာ အိုးကမပူ၊ စလောင်းကပူသလို ဖြစ်နေကြသည်။ ငပိသည်က အိပ်နေပြီး ဆားသည်က ယင်မောင်းနေရသလိုဖြစ်နေသည်။ မြန်မာတို့က အပေါ်ယံတွေမှာ တလွဲဆံပင် ကောင်းကြသည်။ မြွေကိုက်၍မကြာခနလူသေသောရွာတွင် မြွေဆိပ်ဖြေဆေး ရေခဲသေတ္တာထဲမှာ အသင့် ထည့်ဆောင် ထားကြဖို့ မည်သူမျှစိတ်မ၀င်စားကြချေ။
ပြောရလျှင် မြန်မာတို့သည်အပေါ်ယံကြော ကိုအတော်အလေးထားသော လူမျိုးဖြစ်သည်။သာသနာ့ဘောင် ၀င်ဖို့ ရှင်ပြုတာပင် ဆယ်ပါးသီလ၊ သင်္ကန်းတောင်း၊ ရှင့်ကျင့်၀တ် စသည်တို့ရဖို့မရဖို့ထက်၊ ၀န်းခင်းဖို့၊ ဆင်နှင့် ရှင်လောင်းလှည့်ဖို့၊ နာမည်ကြီးအငြိမ့် ထည့်ဖို့ ပို၍အားသန်ကြသောလူမျိုးဖြစ်သည်။
အ၀တ်အစား၀တ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်ဖို့၊ ရာသီဥတုနှင့်လိုက်ဖက်ဖို့၊ မိမိသွားသော အခမ်းအနား နှင့်လျော်ညီဖို့ဆိုတာထက် ဝါဖို့ကြွားဖို့ကို အဓိကထားကြသည်။
အလှူလူပ်ရာတွင် လိုအပ်နေသောနေရာကို ထိထိရောက်ရောက်လှူဒါန်းဖို့ထက် မုခ်ဦးကြီးများတွင် ကမ္ဗည်း ထိုးပြီး နာမည်ကြီးဟိန်းနေအောင်မြင်ရသောနေရာတွင်လှူချင်ကြသည်။
အတော်မခက်ပေဖူးလား..........

Credit to တာတီ

No comments:
Post a Comment